သတင်းအချက်အလက် ဘေးကင်းလုံခြုံရေး (သတိပြုရန်မှာ အောက်ပါ အချက်အလက်များသည် အကြံပြုချက်များ ဖြစ်ပြီး မိမိ၏ အခြေအနေနှင့် သက်ရောက်လာနိုင်သည့် အကျိုးဆက်များကို မူတည်၍ မည်သည်က အသုံးတည့်မည်ကို မိမိကသာ ပိုမိုသုံးသပ်နိုင်မည်ဖြစ်ကြောင်း အသိပေးလိုပါသည်။) ကြိုတင်ပြင်ဆင်ရမည့် အချက်များ * စကားဝှက်နှင့် လော့ချခြင်း * လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေး * ဘရောက်ဇာအချက်အလက်များကို ရှင်းပါ * အချက်အလက်များကို ရှင်းပါ * စက်တစ်ခုလုံးအတွက် လုံခြုံရေး (full disk encryption) * လိုအပ်သည့်အချက်အလက်များကို သိမ်းဆည်းပါ * အကြောင်းအရာတစ်စုံတစ်ခု ဖြစ်လာလျှင် အကြောင်းကြားရန် စာတို ပြင်ဆင်ပါ။ စကားဝှက်နှင့် လော့ချခြင်း * စက်ပစ္စည်းများကို လော့ချထားပါ။ * စကားဝှက်ပဲ ထားပါ။ မျက်နှာ သို့မဟုတ် လက်ဗွေရာဖြင့် လောချခြင်းကို ရှောင်ပါ။ * Browser တွင် Save login မလုပ်ပါနှင့်။ လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေး * Signal ကို သုံးပါ။ * အရေးကြီးသည့် ကိစ္စရပ်များကို ဖြစ်နိုင်လျှင် ရိုးရိုးဖုန်းမှ မခေါ်ပါ မပို့ပါနှင့်။ (ကြားဖြတ်နားထောင်ခံရနိုင်သည်) * Signal ကို သုံးသည့်အခါ “Disappearing mesage” ကို သုံး၍ အချိန်ကန့်သတ်ပြီးမှသာ မျှဝေပါ။ * အသေးစိတ် ဖတ်ရန် - https://bubbles.sevensnails.com/Guides_Tips_Readings/Signal%20Private%20Messenger.pdf အင်တာနက်မရသည့်အခါ * Silence ကို သုံးပါ။ https://f-droid.org/repo/org.smssecure.smssecure_211.apk * Silence က android ဖုန်းများတွင်သာ အလုပ်လုပ်ပါသည်။ * မိမိစကားပြောလိုသည့် သူကလည်း Silence ကို ဒေါင်းထားရန်လိုအပ်ပါသည်။ သို့မှသာ ကြားဖြတ်ဖတ်၍ မရသည့် SMS ကို ပို့နိုင်မည်ဖြစ်သည်။ * ကြားဖြတ်ဖတ်၍မရသည့် SMS ကို ပို့နိုင်ရန် * Silence app ထဲတွင် မိမိပို့လိုသည့် နံပါတ်ကို နှိပ်ပါ။ * ပြီးလျှင် သော့ခလောက်ကို နှိပ်ပြီး Start secure session ကို နှိပ်ပါ။ * တခြားဖက်မှ ပြန်ပို့လာသည်ကို စောင့်ပါ။ * သော့ခလောက်ခတ်ထားသည့်ပုံ ပေါ်ပါက လုံခြုံပြီဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ * အင်တာနက်မသုံးဘဲ ရိုးရိုးစာပို့ရသည့် ပုံစံဖြစ်သဖြင့် စာပို့မှုအတွက် ကုန်ကျစရိတ်တော့ ရှိပါသည်။ * အသေးစိတ် ဖတ်ရန် - https://bubbles.sevensnails.com/Guides_Tips_Readings/Silence.pdf ဘရောက်ဇာအချက်အလက်များကို ရှင်းပါ * ကွန်ပျူတာနှင့် ဖုန်း ဘရောက်ဇာ၏ ဆက်တင်ကို သွားပြီး History ကို ရှင်းပါ။ * Chrome တွင် Settings > Privacy and security > Clear Browsing Data > All Data > Clear Data သို့မဟုတ် chrome://settings/clearBrowserData ကို သွားပြီး Clear data ကို နှိပ်ပါ။ * Mozilla တွင် Preferences ကိုသွားပါ။ History > Clear History > Everything > OK ကို နှိပ်ပြီး ရှင်းနိုင်ပါသည်။ * Browser တွင် Save login မလုပ်ပါနှင့်။ အချက်အလက်များကို ရှင်းပါ * မိမိ၏ ဖုန်းနှင့် လပ်တော့ထဲမှ အချက်အလက်များကို တတ်နိုင်သလောက် ရှင်းပါ။ * ဖျက်သည့်အခါ အောက်ပါဆော့ဖ်ဝဲများကို သုံး၍ ဖျက်ပါ။ * Macbook: Onyx * Windows: CC cleaner စက်တစ်ခုလုံးအတွက် လုံခြုံရေး (full disk encryption) * Macbook ဖြစ်ပါက System Preferences > Security and Privacy> FileVault ကို ဖွင့်ပါ။ * Windows အသုံးပြုပါက မိမိလုံခြုံအောင်လုပ်ချင်သည့် (များသောအားဖြင့် Disk D) ကို ကလစ်ထောက်ပြီး BitLocker ကို သုံး၍ လော့ချပါ။ (စကားဝှက်ကို မှတ်မိပါစေ။) * အိုင်ဖုန်းများနှင့် အန်းဒရွိုက် ၆ နောက်ပိုင်းများသည် ဖုန်းတစ်လုံးလုံးကို အလိုအလျောက် လုံခြုံရေး (full disk encryption) လုပ်ပေးပါသည်။ * မှတ်ချက်။ full disk encryption သည် စက်ကို လုံးဝ ပိတ်လိုက်မှသာ လုံခြုံအောင် ပြုလုပ်ပေးနိုင်သည်။ ဖွင့်ထားသည်အချိန်တွင် အလုပ်မလုပ်ပါ။ လိုအပ်သည့်အချက်အလက်များကို သိမ်းဆည်းပါ * မိမိ၏ ဖုန်းနှင့် လပ်တော့ထဲမှ အချက်အလက်များကို တတ်နိုင်သလောက် ရှင်းပြီးနောက် memory stick/ USB/ Hard disk တစ်ခုခုတွင် သိမ်းဆည်းပါ။ * ဖြစ်နိုင်လျှင် စကားဝှက်ခံပါ။ * လုံခြုံသည့်နေရာတွင် သိမ်းဆည်းပါ။ (ယုံကြည်ရသည့်သူကို ပေးထား၍လည်း ရပါသည်။) အကြောင်းအရာတစ်စုံတစ်ခု ဖြစ်လာနိုင်သော အခြေအနေအတွက် အစီအစဥ်ဆွဲပါ။ *မိမိနှင့် မိမိယုံကြည်ရသူအကြား အချက်ပြစာကို ကြိုတင်စီစဥ်ပါ။ မည်ကဲ့သို့အခြေအနေတွင် သိမ်းဆည်းထားသော အချက်အလက်များကို ဖျက်ပစ်ရန် လိုအပ်၊ မလိုအပ်မည်ကို ကြိုတင်ပြောပြထားပါ။ *ဖျက်ပစ်ရန်လိုသည့် အပ်(ပ်)များကို ကြိုတင်စဥ်းစားထားပါ။ အခြေအနေဆိုးရွားလာပါက လုပ်ဆောင်ရမည့် အချက်များ * အကြောင်းကြားစာတို ပို့ပါ။ * ဖျက်ပစ်ရန်လိုသည့် အပ်(ပ်)များကို ဖျက်ပါ။ * ဖုန်းကို လုံးဝ ပိတ်ပါ။ * ကွန်ပျူတာများကို လုံးဝ ပိတ်ပါ။